ဒီပုံစံ နဲ့ သာ ငါးတွေကို ဆက်ဖမ်းနေ ရင် နောက် (၁၀) နှစ်ဆို ဧရာဝတီ မြစ်ထဲ ငါးမရှိတော့ဘူး

ဒီပုံစံ နဲ့ သာ ငါးတွေကို ဆက်ဖမ်းနေ ရင် နောက် (၁၀) နှစ်ဆို ဧရာဝတီ မြစ်ထဲ ငါးမရှိတော့ဘူး

ငါးမြင်း (ခ) River Monster ရွှေဝါရောင်သန်းပြီး အရမ်းလှတဲ့ ဒါမျိုး ငါးကြီးတွေ ဧရာဝတီမြစ်ထဲမှာ ရှိသေးတယ်။ ငါးဇွန်နယ်ဘက်ကနေ ဖမ်းမိတာပါ။ ဒီလိုငါးမျိုးတွေရရင် စင်္ကာပူကို Export လုပ်ပါတယ်။ ပြည်တွင်းဈေးကွက်က ပြည်ပဈေးကွက်လောက်ဈေးကောင်း မရလို့ပါတဲ့ တစ်ကောင်ထဲ အချိန် ဝမ်းစာနှုတ်ပီး ၃၆ ပိသာကျော် ရှိပါတယ်။

အကြံပြုလိုတာက မြစ်ဘေးမှာနေတဲ့ သူတွေ ကို ဘယ်လိုထောက်ပံ ကူညီနိုင် မလဲဆိုတာပါ။ မဖမ်းဘဲ ပြန်လွှတ်ပေးတာမျိုး လုပ်နိုင်ရင်တော့ အရမ်းကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။ ငါ့ဝမ်းပူဆာ မနေသာတာကတစ်ပိုင်း အကုသိုလ်မှ ကုသိုလ်က တစ်ပိုင်းပါ။ အတ္တကို ရှေ့တန်းတင်ရင် နောင်ဆယ်စုနှစ် တစ်လောက်မှာဘဲ ဧရာဝတီရေချို ငါးမျိုးသုန်းပါလိမ့်မယ်။

ရှော့ထက် ပိုဆိုးတာက ပိုက်ထဲမှာ ဝါယာချိတ်မြစ်ကြမ်းပြင်ထိ ထားပြီး မီးစက်နှိုးရှော့တိုက်ခြင်းဟာ ကိုယ်တဘဝစာမရှိတဲ့အပြင် ကိုယ့်ရဲ့ဆွေစဉ်မျိုးဆက်ကိုပါ ကျွန်ဖြစ်စေဘို့ တွန်းပို့ပေးနေသလိုပါဘဲ။

ဥပမာ ဧရာဝတီ မြစ်ထဲ ငါးမရှိတော့ဘူး ဆိုရင် တံငါသည်ဟာ အောက်ခြေ လက်လုပ်လက်စားဘဝမှာတင် တဘဝစာဇာတ်သိမ်းသလို ဆွေစဉ်မျိုးဆက်သည်လည်း မတွေးဝံပါဘူး။ လူရဲ့အတ္တ တွေကို အရှိန်သတ်ဖို့ ဥပဒေဆိုတာရှိပါတယ်။ အတိအကျဆောင်ရွက်စေ လိုပါတယ်။

မင်းပြောတော့ လွယ်လို က်တာ လက်တွေ့ ငါတို့ လုပ်ရတာ မလွယ်ဘူးလို့ပြောလာခဲ့ရင် သက်ဆိုင်ရာ အစိုးရမှ လိုအပ်သလို ကာကွယ်ပိုင်ခွင့် justice on the river law ကို အသက်သွင်းပေးစေလိုပါတယ် ။ သဘာဝအရင်းမြစ်ကိုအလွန်အကျွံသုံးစွဲသည့်အကျိုး မြန်မာပြည် မကြာခဏ ခံစားနေရပါတယ်။ အဲသလို မဖြစ်အောင် အခုကစ ဝိုင်းဝန်း ထိန်းသိမ်းကြပါစို့

crd:whitesone

Add a Comment

Your email address will not be published. Required fields are marked *

fourteen + twelve =