လူ့အခွင့်အရေး ကောင်စီ မှာ အထူး အစည်းအဝေး ခေါ်ဖို့ တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းလိုက်တာကြောင့် နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အထူးအစည်းအဝေး ခေါ်ယူဖို့ ဥရောပသမဂ္ဂ (EU) နဲ့ ဗြိတိန်နိုင်ငံတို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ

ရှိနေတာကြောင့် အထူး အစည်းအဝေး ခေါ်ယူဖို့ တင်ပြထားကြောင်း ဗြိတိန်သံအမတ်ကြီး Julian Braithwaite က ဒီကနေ့ပဲ ပြောလိုက်တာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကတော့ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထားတဲ့ အစိုးရခေါင်းဆောင်တွေကို ချက်ခြင်းပြန်လွှတ်ဖို့ ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ တခဲနက်တောင်းဆိုထားပါတယ်။

crd

zawgyi

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာ သိမ္းလိုက္တာေၾကာင့္ ေနာက္ဆက္တြဲ ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတာ နဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ အထူးအစည္းအေဝး ေခၚယူဖို႔ ဥေရာပသမဂၢ (EU) နဲ႔ ၿဗိတိန္ႏိုင္ငံတို႔က ပူးတြဲေတာင္းဆိုလိုက္ပါတယ္။

ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္ တင္ေျမႇာက္ထားတဲ့ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာ သိမ္းလိုက္တဲ့ လုပ္ရပ္ဟာ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနေတြအေပၚ ႀကီးမားတဲ့ အက်ိဳးဆက္ေတြ

ရွိေနတာေၾကာင့္ အထူး အစည္းအေဝး ေခၚယူဖို႔ တင္ျပထားေၾကာင္း ၿဗိတိန္သံအမတ္ႀကီး Julian Braithwaite က ဒီကေန႔ပဲ ေျပာလိုက္တာပါ။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ကေတာ့ အာဏာသိမ္း စစ္တပ္က ဖမ္းဆီးထားတဲ့ အစိုးရေခါင္းေဆာင္ေတြကို ခ်က္ျခင္းျပန္လႊတ္ဖို႔ ၿပီးခဲ့တဲ့ တပတ္ထဲမွာပဲ တခဲနက္ေတာင္းဆိုထားပါတယ္။