“ကုိဗစ္ ကုိ ဘာလုိ႔ ဒီေလာက္ အသည္းအသန္ ေၾကာက္ေနၾကတာလဲ” ဆုိတဲ့ ေမးခြန္း ရဲ႕ အေျဖ

“ကိုဗစ္ေရာဂါက ကူးခံရလဲ လူတဝက္ေလာက္က ေအးေဆးပဲ မဖ်ားၾကဘူး၊ ျဖစ္ရင္ ျပင္းလဲ မျပင္း ထန္ဘူး၊ သိပ္လဲ မေသဘူးဆိုၿပီး ဘာလို႔ တကမာၻလုံး က အဲ့ေလာက္ထိ သဲသဲလႈပ္ ကာကြယ္ေနၾကတာလဲတဲ့၊ အရမ္းပိုၾကတာပဲ“ တဲ့

က်ေတာ့္ကို အသိ တေယာက္က မက္ေဆ့ ပို႔ၿပီး သူ႔သူငယ္ခ်င္းက သူ႔ကိုအဲ့လို ေျပာျပတဲ့အေၾကာင္း လာေဆြးေႏြး သြားပါတယ္။

သူေျပာသြားတာေတြ အကုန္လုံးက ႐ုတ္ တရက္ဆို မွန္ေနသလိုပါပဲ ၊ ဒါေၾကာင့္ ျမန္မာျပည္ကလူေတြ သိပ္မေၾကာက္ၾကတာလားလို႔ က်ေတာ္လဲ ေတြးမိလိုက္တယ္။ ဒါေပမယ့္ သူေျပာတဲ့ အထဲမွာ အခ်က္၂ ခ်က္က်န္ေနေသးတယ္ဗ်။ အဲ့တာက ကိုဗစ္ဟာ အရမ္းအကူးစက္ႏႈန္းမ်ားတာနဲ႔ အသက္ႀကီး သူေရာဂါအခံရွိသူေတြကို အသက္အႏၲရာယ္ေပးတဲ့အထိ ဒုကၡေပးႏိုင္ပါတယ္ ဆိုတာပါ။

လူ႔သဘာဝအရ စဥ္းစားေတြးေတာတဲ့ အခါ မိမိကိုယ္ ကို ဗဟိုျပဳၿပီး ေတြးေတာၾကပါတယ္။ အခ်ိဳ႕လူေတြက်ေတာ့ အတၱႀကီးတာေတာ့လဲ မဟုတ္ပါဘူး၊ မိမိအတြက္ ေတြးေတာရာကေန ဆင့္ကဲၿပီး သူမ်ားအတြက္ ဆက္စပ္စဥ္းစားေပးဖို႔ ေမ့ေနတတ္ၾကပါတယ္။ အဲ့လိုမ်ား ေမ့ေနရင္ ခုခ်ိန္ကစၿပီး က်ေတာ္နဲ႔အတူ ဆက္စပ္ေတြးေတာၾကည့္ရေအာင္။

အရင္ဆုံး မိမိ ခ်စ္ခင္ရတဲ့ မိသားစုအတြက္ ေတြးေပးပါ။ ကိုယ့္ရဲ႕ မိသားစုထဲမွာ အသက္ႀကီးသူေတြရွိမယ္ နာတာရွည္ ေရာဂါသယ္ေတြရွိမယ္ဆို သူတို႔အတြက္ ပိုးမကူးေအာင္ တာဝန္ယူရမွာ မိမိ ကိုယ္တိုင္ပဲ ျဖစ္ပါတယ္။ အိမ္ထဲက အိမ္အျပင္ မထြက္တဲ့ အသက္ႀကီး႐ြယ္အိုေတြ အကူး ခံေနရတာဟာ လူငယ္ေတြရဲ႕ ပိုးကိုသယ္ေဆာင္လာမႈေၾကာင့္ပါ။ မိသားစုရယ္ မဟုတ္ပါဘူး၊ ကိုယ္ေနထိုင္ရာ ပတ္ဝန္းက်င္ အလုပ္ ေက်ာင္း ေတြမွာ ခုနကေျပာသြားတဲ့ အားနည္းတဲ့လူအုပ္စုေတြ ရွိေနႏိုင္တယ္ဆိုတာ သတိထားၿပီး ကာကြယ္မႈ ေပးၾကဖို႔ ျဖည့္ေတြးေပးၾကပါ။

ကာကြယ္မူေတြ အားနည္းၿပီး ကူးစက္မူေတြ အရမ္း မ်ားလာခဲ့ရင္ က်န္းမာေရးစနစ္မွာ ဝန္မမွ်မႈေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီအခ်ိန္ေရာက္ရင္ ဒီအက်ိဳးဆက္ေတြဟာ ျပည္သူတဦးတေယာက္ခ်င္းစီတိုင္းကို တန္ျပန္သက္ေရာက္လာမွာ ျဖစ္ပါတယ္။

ေတြးၾကည့္လိုက္ရင္ စီးပြါးေရးက အစျပဳ လို႔ ႏိုင္ငံေရး မၿငိမ္မသက္မႈေတြအထိ အက်ိဳးဆက္ေတြ ဆင့္ပြါးထိခိုက္လာႏိုင္ပါတယ္။ ဒါကို လူတိုင္းနဲ႔ သက္ဆိုင္တဲ့ အေရးကိစၥလို႔ မွတ္ယူၿပီး လူတဦး တေယာက္ခ်င္းစီတိုင္း ႀကိဳတင္ကာကြယ္ ျပင္ဆင္ၾကမွ ရမွာပါ။ ဒါေၾကာင့္ ခုခ်ိန္ကစၿပီး အရွည္ကို ေတြးေတာၾကပါ၊ ကိုဗစ္ေရာဂါ ကူးစက္မႈ မျဖစ္ေအာင္ လူတိုင္း လူတိုင္း မိမိကစ ကာကြယ္ၾကပါစို႔လားဗ်ာ။

Aunghein PhoeKhwar

unicode

“ကိုဗစ်ရောဂါက ကူးခံရလဲ လူတဝက်လောက်က အေးဆေးပဲ မဖျားကြဘူး၊ ဖြစ်ရင် ပြင်းလဲ မပြင်း ထန်ဘူး၊ သိပ်လဲ မသေဘူးဆိုပြီး ဘာလို့ တကမ္ဘာလုံး က အဲ့လောက်ထိ သဲသဲလှုပ် ကာကွယ်နေကြတာလဲတဲ့၊ အရမ်းပိုကြတာပဲ“ တဲ့

ကျတော့်ကို အသိ တယောက်က မက်ဆေ့ ပို့ပြီး သူ့သူငယ်ချင်းက သူ့ကိုအဲ့လို ပြောပြတဲ့အကြောင်း လာဆွေးနွေး သွားပါတယ်။

သူပြောသွားတာတွေ အကုန်လုံးက ရုတ် တရက်ဆို မှန်နေသလိုပါပဲ ၊ ဒါကြောင့် မြန်မာပြည်ကလူတွေ သိပ်မကြောက်ကြတာလားလို့ ကျတော်လဲ တွေးမိလိုက်တယ်။ ဒါပေမယ့် သူပြောတဲ့ အထဲမှာ အချက်၂ ချက်ကျန်နေသေးတယ်ဗျ။ အဲ့တာက ကိုဗစ်ဟာ အရမ်းအကူးစက်နှုန်းများတာနဲ့ အသက်ကြီး သူရောဂါအခံရှိသူတွေကို အသက်အန္တရာယ်ပေးတဲ့အထိ ဒုက္ခပေးနိုင်ပါတယ် ဆိုတာပါ။

လူ့သဘာဝအရ စဉ်းစားတွေးတောတဲ့ အခါ မိမိကိုယ် ကို ဗဟိုပြုပြီး တွေးတောကြပါတယ်။ အချို့လူတွေကျတော့ အတ္တကြီးတာတော့လဲ မဟုတ်ပါဘူး၊ မိမိအတွက် တွေးတောရာကနေ ဆင့်ကဲပြီး သူများအတွက် ဆက်စပ်စဉ်းစားပေးဖို့ မေ့နေတတ်ကြပါတယ်။ အဲ့လိုများ မေ့နေရင် ခုချိန်ကစပြီး ကျတော်နဲ့အတူ ဆက်စပ်တွေးတောကြည့်ရအောင်။

အရင်ဆုံး မိမိ ချစ်ခင်ရတဲ့ မိသားစုအတွက် တွေးပေးပါ။ ကိုယ့်ရဲ့ မိသားစုထဲမှာ အသက်ကြီးသူတွေရှိမယ် နာတာရှည် ရောဂါသယ်တွေရှိမယ်ဆို သူတို့အတွက် ပိုးမကူးအောင် တာဝန်ယူရမှာ မိမိ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အိမ်ထဲက အိမ်အပြင် မထွက်တဲ့ အသက်ကြီးရွယ်အိုတွေ အကူး ခံနေရတာဟာ လူငယ်တွေရဲ့ ပိုးကိုသယ်ဆောင်လာမှုကြောင့်ပါ။ မိသားစုရယ် မဟုတ်ပါဘူး၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် အလုပ် ကျောင်း တွေမှာ ခုနကပြောသွားတဲ့ အားနည်းတဲ့လူအုပ်စုတွေ ရှိနေနိုင်တယ်ဆိုတာ သတိထားပြီး ကာကွယ်မှု ပေးကြဖို့ ဖြည့်တွေးပေးကြပါ။

ကာကွယ်မူတွေ အားနည်းပြီး ကူးစက်မူတွေ အရမ်း များလာခဲ့ရင် ကျန်းမာရေးစနစ်မှာ ဝန်မမျှမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်ရောက်ရင် ဒီအကျိုးဆက်တွေဟာ ပြည်သူတဦးတယောက်ချင်းစီတိုင်းကို တန်ပြန်သက်ရောက်လာမှာ ဖြစ်ပါတယ်။

တွေးကြည့်လိုက်ရင် စီးပွါးရေးက အစပြု လို့ နိုင်ငံရေး မငြိမ်မသက်မှုတွေအထိ အကျိုးဆက်တွေ ဆင့်ပွါးထိခိုက်လာနိုင်ပါတယ်။ ဒါကို လူတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စလို့ မှတ်ယူပြီး လူတဦး တယောက်ချင်းစီတိုင်း ကြိုတင်ကာကွယ် ပြင်ဆင်ကြမှ ရမှာပါ။ ဒါကြောင့် ခုချိန်ကစပြီး အရှည်ကို တွေးတောကြပါ၊ ကိုဗစ်ရောဂါ ကူးစက်မှု မဖြစ်အောင် လူတိုင်း လူတိုင်း မိမိကစ ကာကွယ်ကြပါစို့လားဗျာ။

Aunghein PhoeKhwar

Add a Comment

Your email address will not be published. Required fields are marked *

three × 3 =