ဆန္ဒပြပွဲ မှာ ရဲဖက် မှ အသုံးပြုလာသော Water Cannon (ရေအမြှောက်) အ ကြောင်း တစေ့တစောင်း
|တိုက်ပွဲတစ်ခုမှာ နည်းဗျူဟာ လိုသလို ၊ ရန်သူ ရဲ့ ပျော့ကွက် ၊ သူသုံးတဲ့ Equipments တွေကို လေ့လာထားမယ်ဆိုရင် ရှောင်ရှားဖို့နဲ့ ကာကွယ်ဖို့ အသင့်ဖြစ်နေပါလိမ့်မယ် ။
အနည်းဆုံးသော အထိအခိုက်နည်းအောင် ကာကွယ် နိုင်ပါလိမ့်မယ် ။
Disclaimer အနေနဲ့ ကြိုပြောထားချင်တာက မိမိသည် tactics တွေအတွက် မပြောလိုပါ ။
ကာကွယ်ဖို့ နည်းလမ်းတွေကိုပဲ လေ့လာ မိသလောက် ဖော်ပြပေးသွားပါမယ် ။
နေပြည်တော်မှာ သုံးသွားတဲ့ Water Cannon ဟာ
– Two Roof Cannons ( ခေါင်မိုးပေါ် ရေအမြှောက် နှစ်ခု )

– One Forward cannon ( ရှေ့တည်တည့် မှာ ရေအမြှောက်တစ်ခု ) ပါတဲ့ Water Cannon အမျိုးအစား ဖြစ်နိုင်ပါတယ် ။
( အရှေ့ပိုင်း သေချာမတွေ့ရသောကြောင့် မသေချာ )
Two Roof Cannons အလုပ္လုပ္ပုံ
ခေါင်မိုးပေါ်က ရေအမြှောက် ၂ လုံးဟာ တစ်မိနစ်ကို ရေလီတာ ၁၂၀၀ လောက် ထွက်ပါတယ် ။
Operating Pressure ဟာ 1000 kPa ( 10 Bar ) လောက်ရှိပါတယ် ။
အကွာအဝေးအနေနဲ့ မီတာ ၅၀ ကနေ မီတာ ၇၀ ( ၁၆၄ ပေကနေ 229 ပေ ) အထိ ရောက်အောင် လှမ်းပက်လို့ ရတယ်လို့ ဆိုပါတယ် ။
တစ်လုံးချင်းစီဟာ ၁၈၀ ဒီဂရီ လှည့်လို့ရပါတယ် ။
အဲ့တော့ နှစ်လုံးရှိတဲ့အတွက် ၃၆၀ ဒီဂရီလုံး အလုပ်လုပ်ပါတယ် ။
One Forward Cannon အလုပ္လုပ္ပုံ
ရှေ့တည့်တည့်က ရေအမြှောက်ဟာ တစ်မိနစ်ကို ရေလီတာ ၁၀၀၀ လောက် ထွက်ပါတယ် ။
Operating Pressure ဟာ 1000 kPa ( 10 Bar ) လောက်ရှိပါတယ် ။
အကွာအဝေးအနေနဲ့ Spray ဖြန်းမယ် ဆို မီတာ ၂၀ ( ၆၅ ပေ ) အထိရပြီး ၊ ရေလုံးအပြည့်နဲ့ဆို မီတာ ၄၀ ( ၁၃၁ ပေ ) အထိရတယ်လို့ ဆိုပါတယ် ။
အဲ့အလုံးကတော့ ၁၈၀ ဒီဂရီအထိ လှည့်လို့ရပါတယ် ။
ရေပါဝင်နှုန်း
စက်ရုံက ထုတ်တဲ့အထဲ မှာ Model အနေနဲ့ သုံးမျိုးရှိပြီး
– ၆၅၀၀ လီတာ
– ၉၀၀၀ လီတာ
– ၁၂၀၀၀ လီတာ ဆိုပြီး သုံးမျိုး ရှိပါတယ် ။
ဆိုတော့ အခု အသုံးပြုနေတဲ့ Cannon တွေဟာ ၆၅၀၀ လီတာ ဆန့်တာတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင်
Full Load နဲ့ Cannon သုံးလုံး စလုံး အသုံးပြုပြီး ဖြိုခွဲမယ်ဆို ၂ မိနစ်လောက်ထိဆက်တိုက် အသုံးပြုလို့ ရနေပါတယ် ။
လီတာ ၉၀၀၀ ဆန့်တဲ့ယာဉ်သာ ဖြစ်ခဲ့ရင် Full Load Pressure နဲ့ Cannon သုံးလုံးစလုံး အသုံးပြုပြီး ဖြိုခွဲမယ်ဆိုရင် ၃ မိနစ်ဝနိးကျင်ခန့် အသုံးပြုလို့ ရပါတယ် ။
သို့သော် အဲ့လောက်ထိ သုံးမယ်မထင်ပါဘူး ။
တစ်လုံးချင်းစီကိုပဲ လိုသလို အသုံးပြု နိုင်တာမို့ Cannon တွေဟာ ခပ်ကြာကြာ သုံးလို့ ရနိုင်ပါတယ် ။
Water Pump အလုပ္လုပ္ပုံ
Catalogue ပါဖော်ပြချက်အရတော့ Pump တွေဟာ Two Stage Pump တွေဖြစ်ပါတယ် ။
Spray အဖြစ်သုံးနိုင်သလို ၊ High Pressure အနေ နဲ့လည်း အသုံးပြုနိုင်ပါတယ် ။
Control Mode
Cabin ထဲကနေ အေးဆေးထိုင်ပြီး Control လုပ်နေရုံပါပဲ ။
Monitor Control ဖြစ်ပြီး Color Support ပေးထားတယ် လို့ ဆိုပါတယ် ။
တရစပ်ပစ်တာနဲ့ နားလိုက်ရပ်လိုက် ပစ်တဲ့ function နှစ်မျိုး သုံးနိုင်တယ် လို့ ဆိုပါတယ် ။
ဘယ်လိုကာကွယ်ကြမလဲ
10 Bar ဆိုတဲ့ Pressure ဟာ လူတစ်ယောက်ကို ထိလိုက်မယ်ဆို ခပ်ဝေးဝေး ကို လွင့်ထွက်သွားမယ့် အနေအထားရှိပါတယ် ။
ဟောင်ကောင်အရေးမှာတော့ ကျောင်းသားတွေဟာ ထီးတွေ သုံးပြီး ကာကွယ် ခဲ့ကြပါတယ် ။
သို့သော် Water Cannon နဲ့ တော်တော်ဝေးဝေးမှာပဲ နေရာယူခဲ့ကြပါတယ် ။
Water Cannon ဟာ ရေအပြင် အခြားသော ထိခိုက်စေမယ့် Pepper Spray နဲ့ Smoke Gas, Tear Gas တွေနဲ့ပါ တွဲသုံးလို့ ရတာမို့ အရဲမကိုးစေချင်ပါဘူး ။
Water Cannon တွေထဲက အရောင်ပါတဲ့ အရည်တွေ ထွက်လာပြီဆိုရင်တော့ လှည့်မကြည့်ပဲ ပြေးသာပြေးတော့ ။
အိန္ဒိယနဲ့ ချီလီမှာတော့ ဘလောက်တုံးတွေ ကို အသုံးပြုကြပေမယ့် အဆင်မပြေပါဘူး
အကောင်းဆုံး ကတော့ ထီးနဲ့ကာတာရယ် ၊ ခပ်ဝေးဝေးကနေ နေတာမျိုးပဲ ဖြစ်ပါတယ် ။
144 လည်း ထုတ်လိုက်ပြီ ဆိုတော့ ထီးလေးတွေ ယူသွားကြစေချင်ပါတယ် ။
အရေးတော်ပုံ အောင်ရမည် ။ ✊✊✊
Credit: Original Writer