နိုင်ငံ့ ဝန်ထမ်း များ နိုင်ငံရေး ဆောင်ရွက်၍ မရဟု ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ပြောကြား

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံတော်ကပေး တဲ့ လစာ နဲ့ ခံစားခွင့် ရယူထားပြီး နိုင်ငံရေး ဆောင်ရွက်လို့ မရဘူးလို့ အာဏာသိမ်းစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းအစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနဲ့ တိုင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊

သို့မဟုတ် ဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ဒီကနေ့ နေပြည်တော် မှာ ညှိနှိုင်း အစည်းအဝေးကျင်းပရာမှာ ပြောဆိုခဲ့တာပါ။

“နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှပေးသည့် လစာနှင့်ခံစားခွင့်များကို ရယူထားပြီး နိုင်ငံရေးဆောင်ရွက်၍ မရပါကြောင်း၊

မိမိတို့ နိုင်ငံထက် ဒီမိုကရေစီ ပိုမို ရင့်ကျက်သည့် နိုင်ငံများတွင်လည်း ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုအရ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊

မိမိတို့ နှစ်သက် သည့် ပါတီများကို လွတ်လပ်စွာ မဲပေးနိုင်သော်လည်း လုပ်ငန်းတာဝန်ထမ်းဆောင် နေသည့် အချိန်တွင် နိုင်ငံရေးပါဝင်ဆောင်ရွက်၍ မရကြောင်း၊” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်မှု အပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်လာမှုတွေကို ဖော်ထုတ်အရေးယူရမယ်လို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ ပြည်သူလူထုတွေက ဆန္ဒပြပွဲတွေ နေရာအနှံ့ ပြည်လုံးကျွတ်ပြုလုပ်နေကြပြီး

ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေနဲ့ ရှေ့နေတွေ၊ မီးရထားဝန်ထမ်းတွေ၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှာ ပူးပေါင်းပါဝင်နေကြပါတယ်။

crd

zawgyi

ႏိုင္ငံ့ဝန္ထမ္းေတြအေနနဲ႔ ႏိုင္ငံေတာ္ကေပး တဲ့ လစာ နဲ႔ ခံစားခြင့္ ရယူထားၿပီး ႏိုင္ငံေရး ေဆာင္႐ြက္လို႔ မရဘူးလို႔ အာဏာသိမ္းစစ္အစိုးရ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားလိုက္ပါတယ္။

အာဏာသိမ္းအစိုးရရဲ႕ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီနဲ႔ တိုင္းနဲ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးေကာင္စီ၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္း၊

သို႔မဟုတ္ ေဒသ စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕ေတြနဲ႔ ဒီကေန႔ ေနျပည္ေတာ္ မွာ ညႇိႏႈိင္း အစည္းအေဝးက်င္းပရာမွာ ေျပာဆိုခဲ့တာပါ။

“ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ပါတီႏိုင္ငံေရး ကင္းရွင္းရန္ လိုအပ္ေၾကာင္း၊ ႏိုင္ငံေတာ္မွေပးသည့္ လစာႏွင့္ခံစားခြင့္မ်ားကို ရယူထားၿပီး ႏိုင္ငံေရးေဆာင္႐ြက္၍ မရပါေၾကာင္း၊

မိမိတို႔ ႏိုင္ငံထက္ ဒီမိုကေရစီ ပိုမို ရင့္က်က္သည့္ ႏိုင္ငံမ်ားတြင္လည္း ဒီမိုကေရစီ ႏိုင္ငံေရးယဥ္ေက်းမႈအရ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ ႏိုင္ငံေရးတြင္ ပါဝင္ေဆာင္႐ြက္ျခင္းမရွိသည္ကို ေတြ႕ရွိရေၾကာင္း၊

မိမိတို႔ ႏွစ္သက္ သည့္ ပါတီမ်ားကို လြတ္လပ္စြာ မဲေပးႏိုင္ေသာ္လည္း လုပ္ငန္းတာဝန္ထမ္းေဆာင္ ေနသည့္ အခ်ိန္တြင္ ႏိုင္ငံေရးပါဝင္ေဆာင္႐ြက္၍ မရေၾကာင္း၊” ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။

ဒါ့အျပင္ ႏိုင္ငံ့ဝန္ထမ္းေတြ တာဝန္ထမ္းေဆာင္မႈ အေပၚ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ၿခိမ္းေျခာက္လာမႈေတြကို ေဖာ္ထုတ္အေရးယူရမယ္လို႔လည္း ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းတာကို ဆန႔္က်င္ကန႔္ကြက္တဲ့ အေနနဲ႔ ျမန္မာႏိုင္ငံတဝန္းမွာ ျပည္သူလူထုေတြက ဆႏၵျပပြဲေတြ ေနရာအႏွံ႔ ျပည္လုံးကြၽတ္ျပဳလုပ္ေနၾကၿပီး

က်န္းမာေရးဝန္ထမ္းေတြ၊ ဆရာ ဆရာမေတြနဲ႔ ေရွ႕ေနေတြ၊ မီးရထားဝန္ထမ္းေတြ၊ အစိုးရဌာနဆိုင္ရာ ဝန္ထမ္းေတြလည္း အာဏာဖီဆန္ေရးလႈပ္ရွားမွာ ပူးေပါင္းပါဝင္ေနၾကပါတယ္။