လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကို ဇာတ်သဘင်လောက ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတွေ နဲ့အတူ စည်းစည်းလုံးလုံး သွားရောက် ဝန်းရံခဲ့တဲ့ စွမ်းဇာနည်

ချစ်ရတဲ့ ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင် ပီပြင်ကောင်းမွန်ရုံသာမကပဲ ဇာတ်သဘင်လောကမှာလည်း နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူလေးကတော့ မင်းသားချောလေး စွမ်းဇာနည်ပဲ ဖြစ်ပါတယ်။ စွမ်းဇာနည်က ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာကိုလည်း ထိန်းသိမ်းထားနိုင်သူဖြစ်လို့ နှုတ်ခမ်းနီမလေးတွေ ရဲ့ သည်းသည်းလှုပ် အချစ်တော်တစ်ယောက်ပါ။

စွမ်းက အနုပညာ အရည်အချင်း ပြည့်ဝသူဖြစ်ပြီး အကပိုင်းမှာလည်း ထူးချွန်တာဖြစ်လို့ သူရဲ့ ဇာတ်ပွဲတွေကို ပရိသတ်တွေက အားပေးကြပါတယ်နော်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ စွမ်းတစ်ယောက် အနုပညာလောကရဲ့ စီနီယာ အစ်ကို အစ်မတွေကိုလည်း တရင်တနှီးဆက်ဆံတတ်တာကို တွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း စွမ်းက အနုပညာမောင်နှမတွေနဲ့အတူ သွားရောက်ဝန်းရံခဲ့ပါသေးတယ်။

စွမ်းက ဇာတ်သဘင်လောက ရဲ့ဒိတ်ဒိတ်ကြဲ မင်းသားတွေဖြစ်တဲ့ ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့နဲ့အတူ စည်းစည်းလုံးလုံး သွားရောက်ဝန်းရံခဲ့တာဖြစ်ပြီး အမှတ်တရပုံလေးတွေရိုက်ကူးကာ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာခဲ့ပါတယ်။ အခုလိုအချိန်မျိုးမှာ ပြည်သူတွေနဲ့ တစ်သားတည်း ဝန်းရံခဲ့တဲ့ စွမ်းက ” Civil Disobedience ကို ထိထိရောက်ရောက်ဖြစ်စေချင်ပါတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း စွမ်းနဲ့အတူ အခြားသော ဇာတ်မင်းသားတွေရဲ့ ဝန်းရံပုံတွေကို ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit – Swan Zarni’s Facebook Page