ပြည်သူ ပရိသတ်တွေ နဲ့ အတူ လတ်တ‌လော လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါ၀င်ရင်း လှုံ့ဆော်ပေးခဲ့တဲ့ ပိုးမမှီသာ

ပရိသတ်ကြီးရေ…..တက်သစ်စအနုပညာရှင်လေး ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ ရရှိနေတဲ့ ဆရာ၀န်မလေး ပိုးမမှီသာကိုသိကြမယ်ထင်ပါတယ်နော်။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့ အတူလှုပ်ရှားမှုတွေမှာ အားတက် သရောပူးပေါင်းပါဝင်နေကြတာဖြစ်ပြီး ဒီထဲမှာ ဆိုရင် ဆရာ၀န်မလေး ပိုးမမှီသာလည်းအပါအ၀င်ဖြစ်ပါတယ်…..။

ပြည်သူချစ် မင်းသမီးချောလေးဖြစ်တဲ့ ပိုးမမှီသာဟာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ သူမရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်း ချပြခဲ့ပြီးပရိသတ်တွေနဲ့အတူရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။ ပိုးမမှီသာအပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အားတက် သရောပါ၀င်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်နော်….။

ပိုးမမှီသာဟာ သူမရဲ့ လက်ရှိလှုပ်ရှားမှုတွေမှာ ရဲရဲဝံ့ဝံ့နဲ့ အားတက်သရောပါ၀င်နေတဲ့ ပုံရိပ်တွေကိုသူမရဲ့ Facebook စာမျက်နှာမှာ “10.2.2021 #RejectMilitaryCoup #CivilDisobedience” ဆိုပြီးရေးသားကာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ အခုလိုပြည်သူတွေနဲ့အတူ တက်ကြွစွာပါ၀င်နေတဲ့ ပိုးမမှီသာရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်….။

Photo credit-​ Poe Mamhe Thar’s Facebook acc

zawgyi



