နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို ဦးစားပေး၍ လုပ်ငန်းခွင်များကို အမြန်ဆုံး ဝင်ရောက် ကြရန် မေတ္တာရပ်ခံကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြား

လုပ်ငန်းခွင်နှင့် ကင်းကွာနေသည့် နိုင်ငံ့ဝန်ထမ်းများ စိတ်ခံစားချက်များကို ဦးစားမပေးဘဲ နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို ဦးစားပေး၍ လုပ်ငန်းခွင်များကို အမြန်ဆုံး ဝင်ရောက်ကြရန် မေတ္တာရပ်ခံကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းကို ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) ညနေပိုင်းတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ပြောကြားထားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အရ နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ နိုင်ငံတော်သည် နိုင်ငံ့ ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက် ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းရမည် ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အတွက် ဥပဒေများ ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ လိုအပ်ချက်များ ရှိကောင်း ရှိနေနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်စိစစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အကျိုးအတွက် လိုအပ်သည်များကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“ဒီနေ့အချိန်ကာလမှာ နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မိမိတို့ရဲ့ လုပ်ငန်းခွင်တာဝန်များမှာ ပျက်ကွက်နေကြပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာထား၊ တန်ဖိုးထားပြီး လုပ်ငန်းခွင်မှာ အခက်အခဲများကြားက တာဝန်ထမ်းဆောင် နေကြတဲ့ သူတွေကိုလည်း မသမာသူတွေက နည်းအမျိုးမျိုး အသုံးပြုပြီး နှောင့်ယှက်တားဆီးနေတာ တွေ့ရပါတယ်။ ကျွန်တော် မနေ့က ကြေညာချက် ထုတ်ပြန်တားဆီးတာတွေ၊ တိုက်တွန်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ထိထိရောက်ရောက် ဖြစ်စေဖို့ ဆက်လက် ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထုအပေါ်မှာ စေတနာထား တာဝန်ကျေပွန်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ မိမိတို့ တာဝန်ကို စိတ်အေးချမ်းသာစွာ ဆက်လက် ဆောင်ရွက်နိုင်ရေး လိုအပ်တာတွေလည်း ဆောင်ရွက်ပေးပါမယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာထားပြီး သစ္စာရှိရှိ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ လုပ်ငန်းခွင်နဲ့ ကင်းကွာနေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အနေနဲ့လည်း မိမိတို့ရဲ့ စိတ်ခံစားချက်များကို ဦးစားမပေးဘဲ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးစားပေးပြီး မိမိတို့ရဲ့ လုပ်ငန်းခွင်များကို အမြန်ဆုံး ဝင်ရောက်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တိုက်ရိုက်သယ်ပိုးခွင့်ရရှိသူများ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြည်သူ့ကောင်းကျိုးကို လုပ်ဆောင်နေကြရသည့် ဂုဏ်ယူစရာကောင်းသူများ ဖြစ်ကြောင်း၊ အဆိုပါ ဂုဏ်သိက္ခာကို စောင့်ထိန်းကြရမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိ်န့်ခွန်းတွင် COVID-19 ကာကွယ်ဆေး ရောက်ရှိမှု အခြေအနေ၊ ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ COVID-19 ကာကွယ်ဆေးများအား မြန်မာနိုင်ငံတွင် သုံးစွဲခွင့်ပြုသွားမည့် အခြေအနေ၊ ပုဂ္ဂလိက ကာကွယ်ဆေး တင်သွင်းထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကိုလည်း ခွင့်ပြုသွားမည့် အခြေအနေ၊ ကာကွယ်ဆေး ဆက်လက် ထိုးနှံသည့် အခြေအနေတို့ကိုလည်း ထည့်သွင်း ပြောကြားထားသည်။

crd-eleven

zawgyi

လုပ္ငန္းခြင္ႏွင့္ ကင္းကြာေနသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ား စိတ္ခံစားခ်က္မ်ားကို ဦးစားမေပးဘဲ ႏိုင္ငံ့အက်ိဳးႏွင့္ ျပည္သူ႔အက်ိဳးကို ဦးစားေပး၍ လုပ္ငန္းခြင္မ်ားကို အျမန္ဆုံး ဝင္ေရာက္ၾကရန္ ေမတၱာရပ္ခံေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံေတာ္၏ အေျခအေန အရပ္ရပ္အား ျပည္သူလူထုသို႔ ေျပာၾကားသည့္ မိန႔္ခြန္းကို ယေန႔ (ေဖေဖာ္ဝါရီ ၁၁ ရက္) ညေနပိုင္းတြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ရာတြင္ အထက္ပါအတိုင္း ေျပာၾကားထားျခင္း ျဖစ္သည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂ဝဝ၈ ခုႏွစ္) အရ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သည္ ႏိုင္ငံ့ ဝန္ထမ္းမ်ား၏ လုပ္ငန္းခြင္အာမခံခ်က္ ရရွိေရး၊ စားဝတ္ေနမႈ ဖူလုံေရး၊ အိမ္ေထာင္ရွင္ အမ်ိဳးသမီးဝန္ထမ္းမ်ား မီးဖြားျခင္းဆိုင္ရာ အက်ိဳးခံစားခြင့္ရွိေရးႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ား စားဝတ္ေနမႈ သက္သာေခ်ာင္ခ်ိေရးတို႔အတြက္ လိုအပ္သည့္ ဥပေဒမ်ား ျပ႒ာန္းရမည္ ဟု ျပ႒ာန္းထားေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား အတြက္ ဥပေဒမ်ား ျပ႒ာန္းထားၿပီး ျဖစ္ေၾကာင္း၊ လိုအပ္ခ်က္မ်ား ရွိေကာင္း ရွိေနႏိုင္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ျပန္လည္စိစစ္ၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ား အက်ိဳးအတြက္ လိုအပ္သည္မ်ားကို ထပ္မံျဖည့္ဆည္း ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။

“ဒီေန႔အခ်ိန္ကာလမွာ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕ဟာ မသမာသူအခ်ိဳ႕ရဲ႕ ေသြးထိုးလႈံ႕ေဆာ္မႈေတြေၾကာင့္ မိမိတို႔ရဲ႕ လုပ္ငန္းခြင္တာဝန္မ်ားမွာ ပ်က္ကြက္ေနၾကပါတယ္။ ႏိုင္ငံေတာ္နဲ႔ ျပည္သူလူထုအေပၚမွာ ေစတနာထား၊ တန္ဖိုးထားၿပီး လုပ္ငန္းခြင္မွာ အခက္အခဲမ်ားၾကားက တာဝန္ထမ္းေဆာင္ ေနၾကတဲ့ သူေတြကိုလည္း မသမာသူေတြက နည္းအမ်ိဳးမ်ိဳး အသုံးျပဳၿပီး ေႏွာင့္ယွက္တားဆီးေနတာ ေတြ႕ရပါတယ္။ ကြၽန္ေတာ္ မေန႔က ေၾကညာခ်က္ ထုတ္ျပန္တားဆီးတာေတြ၊ တိုက္တြန္းတာေတြ ေဆာင္႐ြက္ခဲ့ပါတယ္။ ထိထိေရာက္ေရာက္ ျဖစ္ေစဖို႔ ဆက္လက္ ေဆာင္႐ြက္သြားပါမယ္။ ျပည္သူလူထုအေပၚမွာ ေစတနာထား တာဝန္ေက်ပြန္ေနၾကတဲ့ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနနဲ႔ မိမိတို႔ တာဝန္ကို စိတ္ေအးခ်မ္းသာစြာ ဆက္လက္ ေဆာင္႐ြက္ႏိုင္ေရး လိုအပ္တာေတြလည္း ေဆာင္႐ြက္ေပးပါမယ္။ ႏိုင္ငံေတာ္နဲ႔ ျပည္သူလူထုအေပၚမွာ ေစတနာထားၿပီး သစၥာရွိရွိ ႏိုင္ငံ့တာဝန္မ်ား ထမ္းေဆာင္ေနၾကတဲ့ ႏိုင္ငံ့ဝန္ထမ္းမ်ား အားလုံးကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္။ လုပ္ငန္းခြင္နဲ႔ ကင္းကြာေနၾကတဲ့ ႏိုင္ငံ့ဝန္ထမ္းမ်ား အေနနဲ႔လည္း မိမိတို႔ရဲ႕ စိတ္ခံစားခ်က္မ်ားကို ဦးစားမေပးဘဲ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို ဦးစားေပးၿပီး မိမိတို႔ရဲ႕ လုပ္ငန္းခြင္မ်ားကို အျမန္ဆုံး ဝင္ေရာက္သြားၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္” ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။

ထို႔ျပင္ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို တိုက္႐ိုက္သယ္ပိုးခြင့္ရရွိသူမ်ား ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးက႑မ်ား ေကာင္းမြန္စြာ လည္ပတ္ႏိုင္ရန္အတြက္ အဆင့္ဆင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားျဖင့္ ျပည္သူ႔ေကာင္းက်ိဳးကို လုပ္ေဆာင္ေနၾကရသည့္ ဂုဏ္ယူစရာေကာင္းသူမ်ား ျဖစ္ေၾကာင္း၊ အဆိုပါ ဂုဏ္သိကၡာကို ေစာင့္ထိန္းၾကရမွာ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာၾကားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ မိ္န႔္ခြန္းတြင္ COVID-19 ကာကြယ္ေဆး ေရာက္ရွိမႈ အေျခအေန၊ ႐ုရွား၊ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔မွ COVID-19 ကာကြယ္ေဆးမ်ားအား ျမန္မာႏိုင္ငံတြင္ သုံးစြဲခြင့္ျပဳသြားမည့္ အေျခအေန၊ ပုဂၢလိက ကာကြယ္ေဆး တင္သြင္းထိုးႏွံလိုသူမ်ား၊ တင္သြင္းလိုသူမ်ားကိုလည္း ခြင့္ျပဳသြားမည့္ အေျခအေန၊ ကာကြယ္ေဆး ဆက္လက္ ထိုးႏွံသည့္ အေျခအေနတို႔ကိုလည္း ထည့္သြင္း ေျပာၾကားထားသည္။

crd-eleven