CDM အရေးမှာ အခက်အခဲဖြစ် နေကြတဲ့ လူနာတွေ အတွက် အခမဲ့ ကုသပေးနေ တဲ့ အထူးကု ဆေးခန်းများ (ရန်ကုန်သီးသန့်)

ရွှေဘုန်း အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာရှိ OPD ကို အများ ပြည်သူများအား

အခမဲ့ ပြသနိုင်ရန် စီစဉ်ထားရှိပါကြောင်း။ ယခုကာလ တွင် ပြည်သူလူထုများ

အခမဲ့ ပြသနိုင်ရန် အတွက် ရွှေဘုန်းအထူးကု ဆေးခန်းနှင့်ရောဂါရှာဖွေရေး စင်တာရှိ

OPD အခန်းများကို အသုံးပြုနိုင်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

သက်ဆိုင်ရာ ဆရာဝန်ကြီးများမှလည်း ရွှေဘုန်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ

တွင် လူနာများအား ချိန်းဆိုကုသမှုများ ပေးလိုပါလျှင် ဆေးခန်း၏

ဝန်ဆောင်မှုစရိတ်များ လုံးဝ ကောက်ခံမည် မဟုတ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

(ပြည်သူ့ဆေးရုံစာအုပ်/မှတ်တမ်း ပါရှိသူများသာ) ဓါတ်ခွဲအဖြေရှာခြင်းများ

လိုအပ်ပါက ပြည်သူဆေးရုံတွင် ကောက်ခံသော နှူန်းထားများအတိုင်းရရှိအောင်

စီစဉ်ဆောင်ရွက်ပေး ပါမည်။ (သက်ဆိုင်ရာ ဆရာဝန်ကြီးများဧ်။ ထောက်ခံမှုပါရှိရန်

လိုအပ်ပါသည်။) ၇၃-၇၅ ရတနာလမ်းသွယ် ၃, ဘောက်ထော်,

သင်္ကန်းကျွန်းမြို့နယ်။ 018564592, 018564729, 09968000427။

ကုသိုလ်ဖြစ် ပြန်လည်မျှဝေပေးနိုင်ပါသည်