လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်နေတဲ့ အပြင် အနောက်ပေါက် ကနေ ရုံးတက်နေကြသူတွေကို မှန်မှန်ကန်ကန် ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆို တိုက်တွန်းလိုက်တဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ.. ဖွေးစိန်လို့ အားလုံးကချစ်စနိုးခေါ်ကြပြီး အနုပညာလောကမှာ အကယ်ဒမီထူးချွန်ဆုတွေ နဲ့အတူ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူလေးကတော့ မင်းသမီးချောလေး ဖွေးဖွေးပဲ ဖြစ်ပါတယ်နော်..။ ဖွေးကတော့ လက်ရှိမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေ အပေါ်မှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လူထု လှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး ဝန်ထမ်းတွေကိုလည်း ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်နော်..။

လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်နေတဲ့အပြင် အနောက်ပေါက်ကနေ ရုံးတက်နေကြသူတွေကိုလည်း မှန်မှန်ကန်ကန်ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုတိုက်တွန်းလိုက်တာလည်း တွေ့ရပါတယ်နော်..။ ဖွေးစိန်လေးဟာ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားကာ တိုက်တွန်းထားတာ ဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာပါ ပါဝင်နေတဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အသိပေးဝေမျှထားတာ ဖြစ်ပါတယ်နော်..။

“CDM မှာ ပါဝင်ပေးတဲ့ ပြည်သူ့ဝန်ထမ်းများ အားလုံးအားလုံးကို လေးစားတန်ဖိုးထားရပါတယ် 💪💪💪💪တနိုင်ငံလုံး အင်တိုက်အားတိုက်နဲ့ နိုင်အောင်တိုက်နေပါတယ်..💪💪💪💪💪

သင်တို့ ချန်နေခဲ့မလို့လား…

၅ ရုံးထဲပါ။

CDM က ပါဝင်ပေးကြဖို့ တောင်းဆိုပါတယ်

ရန်ကုန်မှာ ရုံးကြီး ၅ ရုံးက အဓိက ပဲ။

– Baho bank ( Central Bank Of Myanmar)

– DICA ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး

– အခွန်ရုံး

– စည်ပင်ရုံး

– တရားရုံး

အဲ့ဒါရပ်ရင် သူတို့ အကုန်ရပ် ပြီ။

(မရှယ်ပဲ ကော်ပီယူ ပေးကြပါ)

The only effective hope is CDM movement.

PS – အမှန်အကန် လုပ်ပေးပါ please

နောက်ပေါက်က အလုပ် တက်လို့ မရပါဘူးနော်

ထိခိုက်မှုတွေ ပိုမကြာအောင်

ကိုယ့်ကြောင့် တပါးသူတွေ သွေးမြေထပ် မကျအောင်

မြန်မြန်လေး မှန်မှန်ကန်ကန်လေး

ပူးပေါင်းပေးကြပါ အတည်လုပ်ပေးပါ..” ဆိုပြီး ဖွေးစိန်လေးက ရေးသားကာ တိုက်တွန်းတောင်းဆိုထားတာပဲ ဖြစ်ပါတယ်..။

Photo Credit – Phway Phway’s Fb Page