မြန်မာဝတ်စုံ ပြည့်ဝတ်ပြီးပန်းပန်ကာ ယုံကြည်ချက် ခိုင်ခိုင်မာမာ နဲ့ သံရုံးတွေရှေ့မှာ ပြည်သူတွေနဲ့အတူ ရပ်တည် ခဲ့တဲ့ ပိုပို

ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကပိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ နေရာ တစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်စွာလျှောက်လှမ်းရပ်တည်နေသူကတော့ သီချင်းကောင်းတွေများစွာ ထွက်ရှိထားတဲ့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်အချစ်တော်လေးပိုပိုကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်နော်..။

ဒီနေ့လေးမှာလည်း ပိုပိုတစ်ယောက် ဝန်ထမ်းတွေအနေနဲ့ CDMမှာ စည်းစည်း လုံးလုံးနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပြီး ပြည်သူပရိသတ်တွေနဲ့အတူ UK သံရုံးနဲ့ ဘရူးနိုင်းသံရုံးတွေမှာလည်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်..။ ပိုပိုဟာ မြန်မာဝတ်စုံပြည့်ဝတ်ပြီးပန်းပန်ကာ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ သံရုံးတွေရှေ့မှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာမို့ ပရိသတ်တွေ အများအပြားကလည်း တစ်ခဲနက်အားပေးနေကြတာလည်း တွေ့ရပါတယ်နော်..။

“ပြည်သူတွေရဲ့ အနာဂတ်အတွက် CDM ကို ဆက်လက် လုပ်ဆောင်ပေးကြပါနော် ဒီနေ့ UK နဲ့ ဘရူနိုင်းသံရုံးရှေ့မှာ ပါဝင်ခဲ့ပါတယ် ♥️ Fight for Democracy “Help Us Stop Crime Against Humanity” “Support US” “Send Us Humanitarian aid”..” ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကို ပိုပိုက ဝေမျှထားတာပါ..။ အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ပြီးတက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ ပိုပိုကို အားပေးထောက်ခံထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit – ပိုပို Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. ဂီတအႏုပညာေလာကပိုင္းမွာ ကိုယ္ပိုင္အရည္အခ်င္းေတြနဲ႔ ေနရာ တစ္ခု အခိုင္အမာရရွိထားကာ ေအာင္ျမင္စြာေလွ်ာက္လွမ္းရပ္တည္ေနသူကေတာ့ သီခ်င္းေကာင္းေတြမ်ားစြာ ထြက္ရွိထားတဲ့ အဆိုေတာ္မေလး ပိုပိုပဲ ျဖစ္ပါတယ္ေနာ္..။ ပရိသတ္အခ်စ္ေတာ္ေလးပိုပိုကေတာ့ လတ္တေလာမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူ ပရိသတ္ေတြနဲ႔အတူ တစ္သားတည္းရပ္တည္ကာ လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ပါဝင္လႈပ္ရွားေနတာ ေတြ႕ရပါတယ္ေနာ္..။

ဒီေန႔ေလးမွာလည္း ပိုပိုတစ္ေယာက္ ဝန္ထမ္းေတြအေနနဲ႔ CDMမွာ စည္းစည္း လုံးလုံးနဲ႔ ပါဝင္ေပးၾကဖို႔ တိုက္တြန္းထားၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ UK သံ႐ုံးနဲ႔ ဘ႐ူးႏိုင္းသံ႐ုံးေတြမွာလည္း လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့ပါတယ္..။ ပိုပိုဟာ ျမန္မာဝတ္စုံျပည့္ဝတ္ၿပီးပန္းပန္ကာ ယုံၾကည္ခ်က္ခိုင္ခိုင္မာမာနဲ႔ သံ႐ုံးေတြေရွ႕မွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ခဲ့တာမို႔ ပရိသတ္ေတြ အမ်ားအျပားကလည္း တစ္ခဲနက္အားေပးေနၾကတာလည္း ေတြ႕ရပါတယ္ေနာ္..။

“ျပည္သူေတြရဲ႕ အနာဂတ္အတြက္ CDM ကို ဆက္လက္ လုပ္ေဆာင္ေပးၾကပါေနာ္ ဒီေန႔ UK နဲ႔ ဘ႐ူႏိုင္းသံ႐ုံးေရွ႕မွာ ပါဝင္ခဲ့ပါတယ္ ♥️ Fight for Democracy “Help Us Stop Crime Against Humanity” “Support US” “Send Us Humanitarian aid”..” ဆိုၿပီး သူမရဲ႕ပုံရိပ္ေလးေတြကို ပိုပိုက ေဝမွ်ထားတာပါ..။ အဲ့ဒီ့ပို႔စ္ရဲ႕ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီးတက္ႂကြစြာပါဝင္လႈပ္ရွားေနတဲ့ ပိုပိုကို အားေပးေထာက္ခံထားၾကတာလည္း ေတြ႕ရပါတယ္ေနာ္..။

Photo Credit – ပိုပို Fb Acc