နိုင်ငံတော် အာဏာသိမ်းတဲ့ ရက်ပိုင်းမှာ နေမကောင်းဖြစ်နေလို့ပါ လို့ ဆိုလာ တဲ့ ရွှေမှုံရတီ နဲ့ ရွှေထူး တို့ဇနီးမောင်နှံ

ရွေထူးနဲ့ ရွှေမှုန်ရတီတို့ ဇနီးမောင်နှံ ကတော့ အနုပညာ လမ်းကြောင်းမှာ ဆယ်စုနှစ်ကျော် တိုင် အောင် ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြပါတယ်.။ ရွှေထူးကတော့ တစ် ကိုယ်တော် သီချင်းတွေကို ကိုယ်တိုင်ရေးသားပြီး သီဆိုတိုင်းလည်း လူငယ်တွေကြားမှာ ရေပ န်း စားပြီး အောင်မြင်မှုတွေ ရရှိနေသူ ဖြစ်ပါတယ်။ ရွေထူး ကတော့ သီချင်းဘက်ကနေပြီး သရုပ် ဆော င်တဲ့ လမ်းကြောင်းပေါ်ကို လည်း ရောက်ရှိလာသလို ရွှေမှုန်ရတီ ကလည်း ခင်ပွန်းဖြစ်သူ ကိုယ်တိုင်ရေးထားသားတဲ့ သီချင်းမှာလည်း

ကိုယ်တိုင်သီဆိုထားပြီး ပါဝင် သရုပ်ထားတာကြောင့် ပရိသတ် ကလည်း နှစ်ယောက်တွဲ သီချင်း တွေကိုလည်း အားပေးနေကြတာ ဖြစ်ပါတယ်.။ ရွှေထူးနဲ့ သဲတို့ကတော့ သိပ်ချစ်ကြတဲ့ လင်မ ယားတွေဖြစ်တဲ့အပြင်မှာလည်း မိန်းမဖြစ်သူကိုလည်း ကလေးလေးတစ်ယောက်လို ချစ်ကြတာ ကြောင့် လူငယ်တွေကြားထဲမှာတော့ Idol အတွဲ ဖြစ်လို့နေပါတယ်…ခုလို မြန်မာနိုင်ငံအခြေ အနေဖြစ်နေချိန်မှာတော့ သဲတို့ လင်မယား နှစ်ယောက်စလုံးဟာ အရမ်းကို တိတ်ဆိတ်လွန်းနေ တာကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ ငြိမ်းချမ်းစွာ သဲတို့ ဇနီးမောင်နှံက ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေအတွက် အ အေးဗူးလေး လာရောက်လှူဒါန်းသွားတာ ဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာလည်း ရွှေ မှုန်ရတီက ” သဲ နေမကောင်းပေမယ့် သဲတို့အဖွဲ့နဲ့ အတူတတ်နိုင်တဲ့ဘက်က ကူညီအားပေး ခဲ့ ပါတယ် …အအေးကဒ်တွေနဲ့ ချိုချဉ်လေးတွေ အမောပြေ အောင် ကမ်းပေးခဲ့ပါတယ် အားလုံး အန္တရယ်ကင်းကြပါစေ🥺🙏🏻🙏🏻🙏🏻 🙏🏻🙏🏻🙏🏻သဲတပွင့်🙏🏻🙏🏻🙏🏻🙏🏻🙏🏻 ” ဆိုပြီးရေးသားထားခဲ့ပါတယ်။ နေမကောင်းတဲ့ကြားက လာ ရော က်ပြီးလှူဒါန်းပေးတဲ့ သဲလေးကို ချစ်တဲ့ Cele World ပရိသတ်ကြီးလည်း ဆုတောင်းစကား လေး ပြောပေးသွား ကြပါအုံးနော်..

Source: Shwe Hmone Yati
Cele World

zawgyi




Source: Shwe Hmone Yati
Cele World